Linn Htet Aung

I am a Sushi Chef

Linn Htet Aung

Hello! I'm Linn Htet Aung ( Nwe Yoe ) , a Sushi Chef; work at Sushi Minto Restaurant, Doha, Qatar.
I love to do not only cooking but also website designing and programming. I'm also interest and studying Radio Control Plane and UAV.

  • Building No.51, Zone 40,Street 802, Yahya Bin Urwa Street, Doha, Qatar
  • +974 33449611
  • linn@linnhtetaung.com
  • www.linnhtetaung.com
Me

My Professional Skills

Sushi Chef 60%
Web Design 60%
Web Development 50%
Wordpress 50%

လေယာဉ်ငယ်တည်ဆောက်ခြင်း

အဝေးထိန်း လေယာဉ်ငယ်လေးတွေကို ကိုယ်တိုင် တည်ဆောက် ပျံသန်းရတာ ကျနော့် ဝါသနာ တစ်ခုပါ။ လေယာဉ် Body တွေကို ဝယ်ပြီး အဆင်သင့် တပ်ဆင် ပျံသန်းလို့ ရပေမယ့် ကိုယ်တိုင် တည်ဆောက်ပြီး ပျံသန်းရတာကို ပိုနှစ်သက်ပါတယ်။ လေယာဉ်ငယ် တည်ဆောက်ခြင်း အကြောင်းတွေကိုလည်း အလျင်းသင့်သလို ပြန်လည် ရေးသား ဝေမျှထားပါတယ်။

ဓာတ်ပုံရိုက်ခြင်း

ကျနော်က ဓာတ်ပုံရိုက်တာလည်း ဝါသနာပါတယ်။ ရှုခင်းပုံ၊ ကောင်းကင်ဓာတ်ပုံ့နဲ့ Macro တွေရိုက်ရတာကို နှစ်သက်တယ်။ မှတ်တမ်း အမှတ်တရ အနေနဲ့သာ ရိုက်ဖြစ်တာ များပါတယ်။ အများကြီး လေ့လာရဦးမယ်။

Tech

Website Design, Graphic Design တွေလုပ်ရတာကို စိတ်ဝင်စားတဲ့အပြင် နည်းပညာနဲ့ ပတ်သက်ရင်လည်း အမြဲတမ်း လိုက်မှီအောင် ကြိုးစားနေပါတယ်။ ကျနော့်ရဲ့ အခြား ဘလော့ဂ်တစ်ခု ဖြစ်တဲ့ နွယ်ရိုးဘလော့ဂ်မှာလည်း ဝင်ရောက် လေ့လာနိုင်ပါတယ်။ www.nweyoe.net

  • How to Turn Off Facebook Video Autoplay on Android

    Stop-FaceBook-Video-Autoplay-Android
    Facebook Android ရဲ့ Version 180 ကျော်တွေမှာ Video Auto Play ကို ပိတ်ဖို့ တော်တော် ရှာလိုက်ရတယ်။ အခု လက်ရှိက ကုမ္ပဏီက ပေးထားတဲ့ Wifi နဲ့ သုံးနေတာ ပြဿနာ မရှိပေမယ့် ပြန်သွားတဲ့အချိန်ရောက်လို့ Mobile Data နဲ့ သုံးရတဲ့အချိန်ဆို Video Autoplay ပွင့်နေရင် မွဲကိန်းပဲ။
    အဲဒီ Version 180 ကျော်တွေမှာက Version အဟောင်းတွေလို Menu နှိပ်လိုက်တာနဲ့ App Setting ဆိုတာ ပါမလာတော့ပါဘူး။ အဲဒါကြောင့် ရှာရတာ တိုင်ပတ်နေတာပါ။
    တကယ်က Facebook app က နေရာပြောင်းထားလိုက်လို့ပါ။
    Settings & Privacy->Settings->Media and Contacts ဆိုတဲ့အထဲမှာ ရှိပါတယ်။
    facebook-video-autoplay-disable-menu ပိတ္နည္း
    အဲဒီထဲမှာ ဝင်ပြီး Auto Play ကို Never Autoplay ရွေးပေးလိုက်ရင် ရပါပြီ။
    Android-Facebook-Autoplay-Setting ပိတ္နည္း
  • 2 Months Old My Xiaomi Mi 6


    Mi6 ထွက်ပြီး ၁၀ လနေတော့ Mi 6 ဝယ်တယ်။ ဝယ်ပြီး ၂ လနေတော့ Mi6x ထွက်တယ်။

    Mi6 6/64 ကို ၅ သိန်းခွဲလောက်ပေးလိုက်ရတယ်။ MI 6X 6/128GB  ကိုမှ ၄ သိန်းစွန်းစွန်းပဲ ပေးရတယ်။ Processor တော့ ကွာတယ်။

    ဒါပေမယ့် လိုချင်တာ ရတော့ ကျေနပ်ပါတယ်။ 6/128 ယူမလို့ဟာ သွင်းတဲ့ ကုမ္ပဏီက အဲဒီ Model ကို သွင်းကို မသွင်းလို့ မရလိုက်တာ တခုပဲ စိတ်ခုတယ်။

    Mi6 ကသပ်ရပ်တယ်။ ကိုင်ရတာ လက်ထဲမှာ စီးစီးပိုင်ပိုင်ရှိတယ်။ ပြီးတော့ Finger Print ကို ရှေ့မှာထားတာလည်း ကြိုက်တယ်။ မြန်တယ်။

    တခြားရွေးစရာ Model တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဝယ်မယ်လို့ ဆုံးဖြတ်ကတည်းက Finger Print ရှေ့မှာ ဖြစ်ရမယ်။ ခေတ်မီအောင် ကင်မရာ ၂ လုံးပြူးဖြစ်ရမယ်။ RAM လည်း ကောင်းရမယ်ဆိုပြီး ရွေးထားတာ။

     Processor ကွာပြီး ဒီဇိုင်းတူ ဈေးသက်သာတဲ့ Mi Note 3 ရှိပေမယ့် အဲဒီ Model ကိုလည်း ကုမ္ပဏီက မသွင်းပြန်ဘူး။ ဒီလိုနဲ့ Mi6 ဝယ်ဖြစ်ခဲ့တာ။

    ဂိမ်းဆော့ရတာ ဂိမ်းရဲ့ ရုပ်ထွက်ကောင်းတာကတော့ တော်တော်ကြီး ကျေနပ်တယ်။ Screen ကတော့ သေးတော့ ဂိမ်းဆော့ရင် နဲနဲ အာရုံစိုက်ရတယ်။

    ကင်မရာကတော့ Low light မှာ သိပ်မကောင်းဘူး။

    နိုင်ငံခြား မသွားခင် တစ်ရက်ကပဲ Red Mi Note 3 ဝယ်ခဲ့ပြီး တစ်နှစ်ခွဲ ကြာတဲ့အချိန်မှာ ဝယ်ဖြစ်ခဲ့တာပဲ။
  • WordPress 15th Anniversary


    ​လာ​မယ့် ​မေ​လ ၂၇ ​ရက်​နေ့​ဟာ WordPress 15 ​နှစ်​ပြည့် ​နှစ်​ပတ်​လည်​ပါ။
    ​က​မ္ဘာ​အ​နှံ့​မှာ WordPress 15th Anniversary Celebration ​တွေ ​လုပ်​ကြ​ပါ​လိမ့်​မယ်။
    ​ဒေ​သ​တွင်း ​နိုင်​ငံ​တွေ​ထဲ​မှာ ​ဗီ​ယက်​နမ်၊ ​စင်္ကာ​ပူ​နဲ့ ​မ​လေး​ရှား​မှာ ​လုပ်​ကြ​ပါ​လိမ့်​မယ်။https://wp15.wordpress.net/
  • Removing Halo Effect from Tempered Glass


    Halo Effect Screen Protector
    ဖုန်းမှန်ကပ် ကပ်လိုက်ရင် ဘေးအစွန်းတွေမှာ လေဝင်နေတာ တော်တော် ကြည့်ရတာဆိုးတယ်။ ဖိပြီး ဖယ်ထုတ်လည်း မရဘူး။ မှန်ကပ်က ဘောင်ပေါ်တင်နေလို့လည်း မဟုတ်ဖူး။ ကိုယ့်ဖုန်းမှာ ကိုယ့်ဟာကိုယ် Screen Protector ကပ်တယ်။ အဲဒီလို ဖြစ်နေတော့ လုပ်မရမယ့်အတူတူ ဒီတိုင်းပဲ သုံးနေတာ။

    တရက်က Youtube မှာ တွေ့လိုက်တဲ့နည်းလေးက ဖြေရှင်းဖို့ အရမ်းကို လွယ်တယ်။ အခုတော့ ဖုန်းလည်း ကြည့်ပျော်ရှုပျော် ဖြစ်သွားပြီ။

    Halo Effect Screen Protector


    ဖြေရှင်းနည်းက နားကြပ်တဲ့ Cotton Bud လေးတစ်ခုရယ်။ ဆီတမျိုးမျိုးရယ်။ အုန်းဆီ၊ သံလွင်ဆီ စတာတွေ။ ကျနော်ကတော့ ဘေးနား အလွယ်ရှိတဲ့ နေကြာဆီနဲ့ ချလိုက်တာပဲ :D

    ဂွမ်းလေးနဲ့ ဆီအနည်းငယ်ကိုတို့၊ ပြီးရင် အဲဒီ လေဝင်နေတဲ့နေရာတွေကို မှန်ကပ် လမ်းကြောင်းအတိုင်း လိုက်ပြီးထိပေးလိုက်။ ချက်ချင်းပျောက်သွားလိမ့်မယ်။ လွယ်မှလွယ်။ ဆီ အများကြီးတော့ မထည့်နဲ့ပေါ့။
  • EMS Myanmar

    EMS International Myanmar

    EMS International Myanmar


    ပြီးခဲ့တဲ့လ (ဒီဇင်ဘာ ၂၀၁၇ လဆန်း) တုန်းက ကျနော့်ကောင်မလေးက မြန်မာနိုင်ငံကနေပြီး ကျနော့်ဆီ ( ကာတာ ) ကို ၃ ကီလိုနီးပါး ရှိတဲ့ စားသောက်စရာလေးတွေ EMS International Myanmar နဲ့ ပို့ပေးပါတယ်။ လက်ဖက်၊ ဘာလချောင်ကြော်၊ ငါးပိ၊ မုန့်ဟင်းခါးခြောက် စတာတွေ ပါ။ အကုန်လုံးမှ မြန်မာငွေ ၂၅၀၀၀ ဖိုးခန့်သာ ကျပါတယ်။

    အဲဒီ ၃ ကီလိုလောက် ရှိတဲ့ အထုတ်လေးကို ပို့ခက ၈ သောင်း ၂ ထောင်ကျော်ကျပြီး ၂ ပတ်နေတော့ ရောက်ပါတယ်။ အိမ်တိုင်ရာအရောက် Door to Door စံနစ်နဲ့ ရောက်လာပါတယ်။

    ကျနော်ပေးထားတဲ့ လိပ်စာမှာ ကျနော် မရှိလို့ ကျနော် အခုရှိနေတဲ့ နေရာကို ဖုန်းဆက်ပြီး လာပို့ပေးဖို့ ပြောပေမယ့် နောက်တစ်ရက်မှ လိပ်စာမှာပဲ လာပို့ပေးပါတယ်။

    အားဆေးတစ်ဗူး ထည့်ပေးလိုက်ပေမယ့် ဒီက ဥပဒေ တခုခုနဲ့ ငြိလို့နေမယ်။ အဲဒီဆေးဗူးတော့ မပါလာပါဘူး။

    ဒီမှာ စားသောက်စရာ အစုံ ဝယ်လို့ရတယ်။ လက်ဖက်၊ ငါးပိ၊ စတာတွေ ဝယ်ဖို့ ခက်တယ်။
    ပေးရတာ ဈေးအရမ်းကြီးသွားပေမယ့် မစားရတာ နှစ်နဲ့ ချီသွားပြီဆိုတော့ ဝမ်းသာအားရ စားဖြစ်ပါတယ်။ 
    EMS International Myanmar  လိပ်စာပါ။ နိုင်ငံခြား ပါဆယ် ပို့ချင်ရင် အောက်က လိပ်စာမှာ ဆက်သွယ် စုံစမ်းနိုင်သလို ရန်ကုန် ဟံသာဝတီအဝိုင်း နားက EMS International မှာ သွားပို့နိုင်ပါတယ်။ သူတို့ EMS International Myanmar Website မှာ ပို့ခ ဈေးနှုန်းတွေလည်း ရေးပေးထားပါတယ်။


    Address: 361 Pyay Road, Sanchaung Township, Yangon, Myanmar
     Phone: 515151
     Fax: 500500, 504504
     E-mail: myanmaposts@mptmail.net.mm
  • Agent Carter and Jarvics

    Marvel ရဲ့ ဗွီဒီယိုဇာတ်ကားတွေလို တကားနဲ့ တကား အချိတ်ဆက်လေးတွေ လုပ်ထားတာမျိုးကို ကျနော် ကြိုက်ပါတယ်။ ဇာတ်ကားတစ်ကားမှာ နောက်ထပ် ဇာတ်ကားတစ်ခုရဲ့ ဇာတ်ကောင်လိုမျိုးတွေ၊ ဇာတ်ဝင်ခန်းမျိုးလေးတွေကို မသိမသာ ထည့်ပေးထားတာမျိုးလေးတွေ အဓိပ္ပာယ်ရှိတယ်လို့ ခံစားမိတယ်။ ဇာတ်လမ်းတခုနဲ့တခု ချိတ်ဆက်မိအောင် အရင်ကတည်းက ကြိုတင် ပြင်ဆင်ထားပုံ ရပါတယ်။ Comic တွေကနေ Movie ဖြစ်လာတယ်ဆိုတော့ အများကြီး ထပ်ပြီး စဉ်းစားစရာ မလိုဘူးလို့တော့ ထင်ပါတယ်။

    လတ်တလော ကျနော် ကြည့်ဖြစ်နေတဲ့ Agent Carter ဇာတ်ကားလိုမျိုးပေါ့။

    Captain America ထဲမှာ Steve Rogers ရဲ့ ချစ်ရသူတဖြစ်လည်း Peggy Carter ။  Steve Rogers လူ့ဖလံလေးကတည်းက အနားမှာ ရှိနေပေးခဲ့သူကတော့ Peggy Carter ပါ။ Captain America ဟာ လေယာဉ်ပျက်ကျပြီး ပျောက်ဆုံးသွားတဲ့နောက်မှာ Peggy Carter တစ်ယောက်ထဲ ဘဝကို ခက်ခက်ခဲခဲ ရပ်တည်ခဲ့ရတာကို Agent Carter ဆိုပြီး ဇာတ်လမ်းတွဲတွေ ထပ်ရိုက်ခဲ့ပါတယ်။

    Captain America Winter Soldier (2014) ထဲမှာတော့ သူ့အသက်က 93 နှစ်ရှိနေပြီ။

    နောက်တစ်ယောက်ကတော့ Jarvis.
    Jarvis က Tony Stark (Iron Man) ရဲ့ ကွန်ပျူတာ System တစ်ခုပါ။
    J.A.R.V.I.S. (Just A Rather Very Intelligent System) လို့ အဓိပ္ပာယ်ဖွင့်ထားပေမယ့် Agent Carter ဇာတ်လမ်းတွဲထဲမှာတော့ Tony Stark ရဲ့အဖေ Howard Stark ရဲ့ လူယုံ (သက်ရှိလူသား) တစ်ယောက်ပါ။ Paggy Carter ကို ကူညီဖို့ လွှတ်ပေးထားတဲ့ သူတစ်ယောက်ပါ။




  • Walking on Doha Strand Road

    Doha Qatar
    Qatar ကို မလာခင် Qatar အကြောင်း ရှာဖတ်ကြည့်တယ်။ ပုံတွေ ရှာတယ်။ Google Image မှာ တက်လာသမျှပုံတွေက အခု မြင်နေရတဲ့ နေရာကို ရိုက်ထားတာ များတယ်။ မီးတွေထိန်လင်းနေတာပဲ။ တိုက်တွေကလည်း အမြင့်ကြီးတွေ။
    တကယ်ရောက်လာတဲ့ အချိန်မှ သိလိုက်တာ အဲဒီနေရာတခုပဲ တိုက်အမြင့်ကြီးတွေနဲ့ မြို့လယ်ခေါင်လို ဖြစ်နေတာ။ 😄

    ကျန်တဲ့နေရာတွေက တစ်ထပ်တိုက်၊ နှစ်ထပ်တိုက်လေးတွေ။ ဝါကျင်ကျင်အရောင်တွေချည်း။ ပြီးတော့ တပုံစံထဲပဲ။ တမြို့လုံးကတော့ လမ်းတွေအကျယ်ကြီး၊ ညဆို မီးတွေ ထိန်ထိန်လင်းနေတာပဲ။

    Doha Qatar Free Mobile Charging
    Free Mobile Charging

    ကမ်းနားလမ်းတလျှောက် ဒီလို အခမဲ့ မိုဘိုင်းလ် အားသွင်းတဲ့ နေရာလေးတွေ ထားပေးထားတယ်။ ညနေ နေကျသွားတဲ့အချိန်ဆိုရင် စည်စည်ကားကား ရှိတယ်။ လေ့ကျင့်ခန်းလုပ်တဲ့သူ ပြေးတဲ့သူ အပန်းဖြေတဲ့သူတွေနဲ့ စည်ကားပါတယ်။

    Qatar Self Serice Machine
    Self Service Machine for Watar,  500ml for 1 Riyal









    တချို့နေရာလေးတွေမှာ ဒီလို Self Service စက်ကလေးတွေ ရှိပါတယ်။ ကော်ဖီစက်၊ ရေသန့်ဗူးစက်၊ ATM၊ Mobile Topup စက် စတာတွေအပြင် လေ့ကျင့်ခန်းလုပ်ဖို့ ကိရိယာလေးတွေလည်း လမ်းတလျှောက် ထားပေးထားတယ်။

    Doha Qatar Mosque
    Mosque
    လမ်းတဖြတ်တိုင်းမှာ တွေ့နိုင်တဲ့ အစ္စလာမ် ဘုရားဝတ်ပြုကျောင်း (ဗလီ) ငယ်လေးတွေလည်း ရှိပါတယ်။ ကိုယ်ရောက်နေတဲ့အချိန်နဲ့ ဘုရားဝတ်ပြုချိန် ကြုံနေရင် ဝင်ရောက် ဝတ်ပြုလို့ ရပါတယ်။

    Doha Qatar Strand Road

    Myanmar Sushi Chef Linn Htet Aung
    မြေအောက် ကားပါကင်တနေရာ
     ကမ်းနားမှာ လမ်းလျှောက်နေရင်း တဖက်က Souq Waqif လို့ခေါ်တဲ့ ပန်းခြံဖက်ကို ဖြတ်ကူးဖို့ကို မြေအောက်ကနေ ဖြတ်ကူးလို့ရပါတယ်။ ပုံမှန် လှေကားနဲ့ ဆင်းသွားပြီး မြေအောက် ကားပါကင်ကနေ ကူးနိုင်သလို ဓာတ်လှေကား (Lift)၊ စက်လှေကား စတာတွေနဲ့ ဆင်းပြီး ကားပါကင်ကနေတဆင့် လမ်းကူးနိုင်ပါတယ်။ မြေအောက် ကားပါကင် ဆိုပေမယ့် မျက်စိ လည်စရာပါ။ အရမ်းကို ကျယ်ပါတယ်။ 

    Myanmar Sushi Chef Linn Htet Aung
    အပျော်စီး လှေတွေနဲ့
    ကမ်းခြေတလျှောက် အပျော်စီး လှေတွေ ရှိပါတယ်။ အများအားဖြင့် ညပိုင်းမှာ လူစည်ကားတဲ့အတွက် ပိုပြီး ထွက်ကြပါတယ်။ ရေပြင်တလျှောက် မီးတန်းလေးတွေ အလှဆင်ထားတဲ့ လှေလေးတွေကို တွေ့ရမှာပါ။ နောက်တခေါက် ကြုံရင်တော့ လှေစီးကြည့်ပြီး ပင်လယ်ထဲ လေတဖြူးဖြူးနဲ့ အပန်းဖြေပါဦးမယ်။

    Myanmar Sushi Chef Linn Htet Aung
    Doha, 2017 December 06
  • ADDRESS

    Building No.51, Zone 40,Street 802, Yahya Bin Urwa Street, Doha, Qatar

    EMAIL

    linn@linnhtetaung.com
    nweyoe@nweyoe.net

    MOBILE

    +974 33449611