ဖုန်းမှန်ကပ် ကပ်လိုက်ရင် ဘေးအစွန်းတွေမှာ လေဝင်နေတာ တော်တော် ကြည့်ရတာဆိုးတယ်။ ဖိပြီး ဖယ်ထုတ်လည်း မရဘူး။ မှန်ကပ်က ဘောင်ပေါ်တင်နေလို့လည်း မဟုတ်ဖူး။ ကိုယ့်ဖုန်းမှာ ကိုယ့်ဟာကိုယ် Screen Protector ကပ်တယ်။ အဲဒီလို ဖြစ်နေတော့ လုပ်မရမယ့်အတူတူ ဒီတိုင်းပဲ သုံးနေတာ။
တရက်က Youtube မှာ တွေ့လိုက်တဲ့နည်းလေးက ဖြေရှင်းဖို့ အရမ်းကို လွယ်တယ်။ အခုတော့ ဖုန်းလည်း ကြည့်ပျော်ရှုပျော် ဖြစ်သွားပြီ။
တရက်က Youtube မှာ တွေ့လိုက်တဲ့နည်းလေးက ဖြေရှင်းဖို့ အရမ်းကို လွယ်တယ်။ အခုတော့ ဖုန်းလည်း ကြည့်ပျော်ရှုပျော် ဖြစ်သွားပြီ။
ဖြေရှင်းနည်းက နားကြပ်တဲ့ Cotton Bud လေးတစ်ခုရယ်။ ဆီတမျိုးမျိုးရယ်။ အုန်းဆီ၊ သံလွင်ဆီ စတာတွေ။ ကျနော်ကတော့ ဘေးနား အလွယ်ရှိတဲ့ နေကြာဆီနဲ့ ချလိုက်တာပဲ :D
ဂွမ်းလေးနဲ့ ဆီအနည်းငယ်ကိုတို့၊ ပြီးရင် အဲဒီ လေဝင်နေတဲ့နေရာတွေကို မှန်ကပ် လမ်းကြောင်းအတိုင်း လိုက်ပြီးထိပေးလိုက်။ ချက်ချင်းပျောက်သွားလိမ့်မယ်။ လွယ်မှလွယ်။ ဆီ အများကြီးတော့ မထည့်နဲ့ပေါ့။
0 comments:
Post a Comment