ပြီးခဲ့တဲ့လ (ဒီဇင်ဘာ ၂၀၁၇ လဆန်း) တုန်းက ကျနော့်ကောင်မလေးက မြန်မာနိုင်ငံကနေပြီး ကျနော့်ဆီ ( ကာတာ ) ကို ၃ ကီလိုနီးပါး ရှိတဲ့ စားသောက်စရာလေးတွေ EMS International Myanmar နဲ့ ပို့ပေးပါတယ်။ လက်ဖက်၊ ဘာလချောင်ကြော်၊ ငါးပိ၊ မုန့်ဟင်းခါးခြောက် စတာတွေ ပါ။ အကုန်လုံးမှ မြန်မာငွေ ၂၅၀၀၀ ဖိုးခန့်သာ ကျပါတယ်။
အဲဒီ ၃ ကီလိုလောက် ရှိတဲ့ အထုတ်လေးကို ပို့ခက ၈ သောင်း ၂ ထောင်ကျော်ကျပြီး ၂ ပတ်နေတော့ ရောက်ပါတယ်။ အိမ်တိုင်ရာအရောက် Door to Door စံနစ်နဲ့ ရောက်လာပါတယ်။
ကျနော်ပေးထားတဲ့ လိပ်စာမှာ ကျနော် မရှိလို့ ကျနော် အခုရှိနေတဲ့ နေရာကို ဖုန်းဆက်ပြီး လာပို့ပေးဖို့ ပြောပေမယ့် နောက်တစ်ရက်မှ လိပ်စာမှာပဲ လာပို့ပေးပါတယ်။
အားဆေးတစ်ဗူး ထည့်ပေးလိုက်ပေမယ့် ဒီက ဥပဒေ တခုခုနဲ့ ငြိလို့နေမယ်။ အဲဒီဆေးဗူးတော့ မပါလာပါဘူး။
ဒီမှာ စားသောက်စရာ အစုံ ဝယ်လို့ရတယ်။ လက်ဖက်၊ ငါးပိ၊ စတာတွေ ဝယ်ဖို့ ခက်တယ်။
ပေးရတာ ဈေးအရမ်းကြီးသွားပေမယ့် မစားရတာ နှစ်နဲ့ ချီသွားပြီဆိုတော့ ဝမ်းသာအားရ စားဖြစ်ပါတယ်။

EMS International Myanmar လိပ်စာပါ။ နိုင်ငံခြား ပါဆယ် ပို့ချင်ရင် အောက်က လိပ်စာမှာ ဆက်သွယ် စုံစမ်းနိုင်သလို ရန်ကုန် ဟံသာဝတီအဝိုင်း နားက EMS International မှာ သွားပို့နိုင်ပါတယ်။ သူတို့ EMS International Myanmar Website မှာ ပို့ခ ဈေးနှုန်းတွေလည်း ရေးပေးထားပါတယ်။
Address: 361 Pyay Road, Sanchaung Township, Yangon, Myanmar
Phone: 515151
Fax: 500500, 504504
E-mail: myanmaposts@mptmail.net.mm
Phone: 515151
Fax: 500500, 504504
E-mail: myanmaposts@mptmail.net.mm
ဂျပန်နိုင်ငံကိုပို့ရင်ဘယ်နှစ်ရက်ကြာမည်လဲသိချင်ပါတယ်
ReplyDelete