Qatar ကို မလာခင် Qatar အကြောင်း ရှာဖတ်ကြည့်တယ်။ ပုံတွေ ရှာတယ်။ Google Image မှာ တက်လာသမျှပုံတွေက အခု မြင်နေရတဲ့ နေရာကို ရိုက်ထားတာ များတယ်။ မီးတွေထိန်လင်းနေတာပဲ။ တိုက်တွေကလည်း အမြင့်ကြီးတွေ။
တကယ်ရောက်လာတဲ့ အချိန်မှ သိလိုက်တာ အဲဒီနေရာတခုပဲ တိုက်အမြင့်ကြီးတွေနဲ့ မြို့လယ်ခေါင်လို ဖြစ်နေတာ။ 😄
ကျန်တဲ့နေရာတွေက တစ်ထပ်တိုက်၊ နှစ်ထပ်တိုက်လေးတွေ။ ဝါကျင်ကျင်အရောင်တွေချည်း။ ပြီးတော့ တပုံစံထဲပဲ။ တမြို့လုံးကတော့ လမ်းတွေအကျယ်ကြီး၊ ညဆို မီးတွေ ထိန်ထိန်လင်းနေတာပဲ။
တကယ်ရောက်လာတဲ့ အချိန်မှ သိလိုက်တာ အဲဒီနေရာတခုပဲ တိုက်အမြင့်ကြီးတွေနဲ့ မြို့လယ်ခေါင်လို ဖြစ်နေတာ။ 😄
ကျန်တဲ့နေရာတွေက တစ်ထပ်တိုက်၊ နှစ်ထပ်တိုက်လေးတွေ။ ဝါကျင်ကျင်အရောင်တွေချည်း။ ပြီးတော့ တပုံစံထဲပဲ။ တမြို့လုံးကတော့ လမ်းတွေအကျယ်ကြီး၊ ညဆို မီးတွေ ထိန်ထိန်လင်းနေတာပဲ။
![]() |
Free Mobile Charging |
ကမ်းနားလမ်းတလျှောက် ဒီလို အခမဲ့ မိုဘိုင်းလ် အားသွင်းတဲ့ နေရာလေးတွေ ထားပေးထားတယ်။ ညနေ နေကျသွားတဲ့အချိန်ဆိုရင် စည်စည်ကားကား ရှိတယ်။ လေ့ကျင့်ခန်းလုပ်တဲ့သူ ပြေးတဲ့သူ အပန်းဖြေတဲ့သူတွေနဲ့ စည်ကားပါတယ်။
![]() | |||||||||
Self Service Machine for Watar, 500ml for 1 Riyal |
တချို့နေရာလေးတွေမှာ ဒီလို Self Service စက်ကလေးတွေ ရှိပါတယ်။ ကော်ဖီစက်၊ ရေသန့်ဗူးစက်၊ ATM၊ Mobile Topup စက် စတာတွေအပြင် လေ့ကျင့်ခန်းလုပ်ဖို့ ကိရိယာလေးတွေလည်း လမ်းတလျှောက် ထားပေးထားတယ်။
![]() |
Mosque |
![]() |
မြေအောက် ကားပါကင်တနေရာ |
ကမ်းနားမှာ လမ်းလျှောက်နေရင်း တဖက်က Souq Waqif လို့ခေါ်တဲ့ ပန်းခြံဖက်ကို ဖြတ်ကူးဖို့ကို မြေအောက်ကနေ ဖြတ်ကူးလို့ရပါတယ်။ ပုံမှန် လှေကားနဲ့ ဆင်းသွားပြီး မြေအောက် ကားပါကင်ကနေ ကူးနိုင်သလို ဓာတ်လှေကား (Lift)၊ စက်လှေကား စတာတွေနဲ့ ဆင်းပြီး ကားပါကင်ကနေတဆင့် လမ်းကူးနိုင်ပါတယ်။ မြေအောက် ကားပါကင် ဆိုပေမယ့် မျက်စိ လည်စရာပါ။ အရမ်းကို ကျယ်ပါတယ်။
![]() |
အပျော်စီး လှေတွေနဲ့ |
ကမ်းခြေတလျှောက် အပျော်စီး လှေတွေ ရှိပါတယ်။ အများအားဖြင့် ညပိုင်းမှာ လူစည်ကားတဲ့အတွက် ပိုပြီး ထွက်ကြပါတယ်။ ရေပြင်တလျှောက် မီးတန်းလေးတွေ အလှဆင်ထားတဲ့ လှေလေးတွေကို တွေ့ရမှာပါ။ နောက်တခေါက် ကြုံရင်တော့ လှေစီးကြည့်ပြီး ပင်လယ်ထဲ လေတဖြူးဖြူးနဲ့ အပန်းဖြေပါဦးမယ်။
![]() |
Doha, 2017 December 06 |
0 comments:
Post a Comment