Nori (dry seaweed, ရေညှိရွက်) နဲ့ ထမင်းနဲ့ ပေါင်းပြီး လိပ်မယ်ဆိုရင် . . . ရေညှိ ထမင်းလိပ်ပဲ ဖြစ်မှာ၊ စံနစ်တကျ ချက်ထားတဲ့ ထမင်းရယ်၊ အချိုးညီညီ ရောစပ်ထားတဲ့ Shari (Sushi vinegar) ကို သေချာရောစပ် သမအောင် မွှေပြီးမှ ဆူရှီလိပ်တဲ့ ထမင်းရတယ်၊ ဆူရှီလိပ် ဖြစ်မယ်။ ပျော့နေလို့လည်းမကောင်း၊ မာနေရင်လည်း မကောင်းသလို၊ ပူနေလို့လည်း မရဘူး။
တချို့ဆူရှီတွေက Salmon, Tuna စတဲ့ ငါးတွေ ထည့်လိပ်တယ်၊ အပေါ်ကနေ ပတ်တယ်၊ ထမင်းက ပူနေရင် အဲဒီငါးတွေက ကျက်ကုန်ရော ...
အခု ကျနော်တို့ ဆိုင်မှာတော့ ဂျပန်ဆန် သုံးပါတယ်။ ဂျပန်ဆန် ဆိုပေမယ့် ဗီယက်နမ်က လာတာ ဖြစ်ပါတယ်။ Jငaponica Rice ဆိုတဲ့ အမည်နဲ့လာပြီး Doha Musashi ဆိုတဲ့ Company ကနေ တင်သွင်းပေးတာပါ။ မြန်မာနိုင်ငံ ပြန်ရောက်ရင်တော့ ရှမ်းဆန်နဲ့ပဲ ချက်ရမယ် ထင်ပါတယ်။
0 comments:
Post a Comment