HosoMaki ဆိုတာက ထမင်းကို အထဲမှာထား၊ Nori (ရေညှိ) ကို အပြင်မှာထားပြီး လိပ်ထားတဲ့ ဆူရှီ အသေးလေးတွေကို ခေါ်တာ။ အထဲမှာ ထည့်ထားတဲ့ အစာပေါ်ကိုမူတည်ပြီး နာမည်တွေ ကွဲသွားတယ်။ သခွားသီးထည့်ထားရင် Hoso Cucumber, ဆယ်လ်မွန် ထည့်ထားရင် Hoso Salmon စသည်ဖြင့်ပေါ့။ နာမည်ကတော့ ကိုယ်ကြိုက်သလိုပေး၊ Hoso ထဲမှာတော့ ပါသွားတာပဲ။
အခုပုံကတော့ အခု ကျနော်လုပ်နေတဲ့ ဆိုင်ကရောင်းတဲ့ Hoso Cucumber တဲ့။ အသေးလေး ၃ တုံး၊ Hoso Cucumber တပွဲကို အဲဒီ အသေးလေး ၃ တုံးပါတယ်။ ဆိုင်မှာရောင်းတဲ့ ဈေးက ၁၄ ကျပ်။ မြန်မာငွေနဲ့ဆို ၅၁၀၀(ငါးထောင့်တစ်ရာ) ကျပ် ကျပါတယ်။ တို့စားဖို့ Soya ရယ်။ Wasabi ရယ် ဒါပဲ ပါမယ်။ ဆိုင်မှာမစားချင်လို့ အိမ်လာပို့ခိုင်းလည်း Delivery ရှိတယ်။ အဲဒီ အသေးလေး သုံးတုံးကို သေချာ ထုတ်ပိုးပြီး အိမ်တိုင်ရာရောက် လာပို့တယ်။
ကြက်သားဒံပေါက် တပွဲ ၁၁ ကျပ်၊ ထမင်း unlimited နဲ့ စားမလား။ ကျနော်တို့ဆိုင်ကရောင်းတဲ့ Hoso Cucumber စားမလား :D :D

0 comments:
Post a Comment