Marvel ရဲ့ ဗွီဒီယိုဇာတ်ကားတွေလို တကားနဲ့ တကား အချိတ်ဆက်လေးတွေ လုပ်ထားတာမျိုးကို ကျနော် ကြိုက်ပါတယ်။ ဇာတ်ကားတစ်ကားမှာ နောက်ထပ် ဇာတ်ကားတစ်ခုရဲ့ ဇာတ်ကောင်လိုမျိုးတွေ၊ ဇာတ်ဝင်ခန်းမျိုးလေးတွေကို မသိမသာ ထည့်ပေးထားတာမျိုးလေးတွေ အဓိပ္ပာယ်ရှိတယ်လို့ ခံစားမိတယ်။ ဇာတ်လမ်းတခုနဲ့တခု ချိတ်ဆက်မိအောင် အရင်ကတည်းက ကြိုတင် ပြင်ဆင်ထားပုံ ရပါတယ်။ Comic တွေကနေ Movie ဖြစ်လာတယ်ဆိုတော့ အများကြီး ထပ်ပြီး စဉ်းစားစရာ မလိုဘူးလို့တော့ ထင်ပါတယ်။
လတ်တလော ကျနော် ကြည့်ဖြစ်နေတဲ့ Agent Carter ဇာတ်ကားလိုမျိုးပေါ့။
လတ်တလော ကျနော် ကြည့်ဖြစ်နေတဲ့ Agent Carter ဇာတ်ကားလိုမျိုးပေါ့။
Captain America ထဲမှာ Steve Rogers ရဲ့ ချစ်ရသူတဖြစ်လည်း Peggy Carter ။ Steve Rogers လူ့ဖလံလေးကတည်းက အနားမှာ ရှိနေပေးခဲ့သူကတော့ Peggy Carter ပါ။ Captain America ဟာ လေယာဉ်ပျက်ကျပြီး ပျောက်ဆုံးသွားတဲ့နောက်မှာ Peggy Carter တစ်ယောက်ထဲ ဘဝကို ခက်ခက်ခဲခဲ ရပ်တည်ခဲ့ရတာကို Agent Carter ဆိုပြီး ဇာတ်လမ်းတွဲတွေ ထပ်ရိုက်ခဲ့ပါတယ်။
Captain America Winter Soldier (2014) ထဲမှာတော့ သူ့အသက်က 93 နှစ်ရှိနေပြီ။
နောက်တစ်ယောက်ကတော့ Jarvis.
Jarvis က Tony Stark (Iron Man) ရဲ့ ကွန်ပျူတာ System တစ်ခုပါ။
J.A.R.V.I.S. (Just A Rather Very Intelligent System) လို့ အဓိပ္ပာယ်ဖွင့်ထားပေမယ့် Agent Carter ဇာတ်လမ်းတွဲထဲမှာတော့ Tony Stark ရဲ့အဖေ Howard Stark ရဲ့ လူယုံ (သက်ရှိလူသား) တစ်ယောက်ပါ။ Paggy Carter ကို ကူညီဖို့ လွှတ်ပေးထားတဲ့ သူတစ်ယောက်ပါ။

0 comments:
Post a Comment